Best Analysis For Insight Betting logo
Best Analysis For Insight Betting logo

*သတိ - လောင်းကစားသည်ဘဝပျက်စေနိုင်သည်။ မည်သည့်လောင်းကစားမှမလုပ်တာအကောင်းဆုံးဖြစ်သည်။

စလော့

အားလုံးသိကြတဲ့အတိုင်းပဲစလော့ဂိမ်းဆိုတာကတော့မြန်မာနိုင်ငံမှာတော်တော်ခေတ်စားလာပြီး တော်တော်လဲဒုက္ခပေးနေတဲ့ဂိမ်းပါပဲ။ ဒါပေမယ့်လူတွေကရှုံးမှန်းသိရဲ့နဲ့ဘာလို့ဆက်ဆော့နေကြတာလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းလို့ပါ။ ပုံစံအမျိုးမျိုး Pay table အမျိုးမျိုးနဲ့ဂိမ်းတွေဟာနေ့စဉ်နေ့တိုင်းအသစ်ထွက်နေတော့ ကစားသူတွေအတွက်ရိုးတယ်ဆိုတာမရှိပဲဆက်ဆက်ဆော့ဖြစ်နေကြတာပါ။

လွန်ခဲ့တဲ့နှစ် 30 လောက်ကချဲပဲရှိသေးတော့ တစ်လကိုနှစ်ကြိမ်လူတွေကိုဒုက္ခပေးတယ်။ နောက်တီဗွီတွေပေါလာတော့ ဘောလုံးပွဲတွေကြည့်ပြီးလောင်းလာတွေ တစ်ပတ်မှာစနေ၊တနင်္ဂနွေနှစ်ရက်ဒုက္ခပေးတယ်။ ပြီးတော့နှစ်လုံးထီခေတ်စားလာတယ်၊ တစ်ပတ်ကိုငါးရက်ဒုက္ခပေးတယ်၊ ခုလိုအင်တာနက်တိုးတက်နေတဲ့ခေတ်မှာတော့ စလော့ဂိမ်းတွေခေတ်စားလာပြီး 24 နာရီပတ်လုံးဒုက္ခပေးနေပါတယ်။ဒါကိုသတိမကပ်ပဲအလွန်အကျွံဆော့ရင်တော့ဒုက္ခရောက်မှာအသေအချာပါပဲ။ သင်ဟာဘယ်လောက်ပဲချမ်းသာနေပါစေသင့်ကိုမကြာခင်အကြီးအကျယ်ဒုက္ခပေးတော့မှာဖြစ်ပါတယ်။ လူတိုင်းနီးပါးဟာလောင်းကစားတစ်ခုမဟုတ်တစ်ခုတော့ကြိုက်တတ်ကြပါတယ်။ သင်လဲကြိုက်လို့ရပါတယ် ဒါပေမယ့်ဖျော်ဖြေရေးတစ်ခုအနေနဲ့ပဲကြိုက်သင့်ပါတယ်။ ကျနော်ပဲဗဟုသုတနည်းလို့လားမသိပါဘူးလောင်းကစားနဲ့ချမ်းသာတာဆိုလို့ဒိုင်တွေပဲတွေ့ဖူးပါတယ်။

လောင်းကစားလုပ်မယ်ဆိုရင်စိတ်ကိုထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။လောင်းကစားပဲလုပ်လုပ် စီးပွါးရေးပဲလုပ်လုပ်မြတ်ချင်လို့လုပ်တာဆိုပေမယ့် အရှုံးကိုအရင်တွက်ပြီးမှလုပ်ပါ။ ဒါကဥပမာပေးတာပါ လောင်းကစားနဲ့စီးပွါးရေးဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်း တစ်ခြားစီပါ။ငါဒါရှုံးသွားရင်ဘာဖြစ်နိုင်လဲ တော်တော်ဒုက္ခရောက်သွားနိုင်လားဆိုတာအရင်စဉ်းစားပါ။အပျင်းပြေတော့ဆော့လိုက်ဦးမယ် နိုင်ရင်ထုတ်ထားပြီးကျန်တာလေးနဲ့ဆက်ဆော့မယ် ရှုံးရင်ထပ်မထည့်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ချထားတာ။ အရှုံးနဲ့လဲရပ်သင့်တဲ့ထဲမှာ လောင်းကစားကထိပ်ဆုံးကပါ။ ရှုံးလို့ထပ်ဆော့လေပိုရှုံးလေပါ။

စလော့ဂိမ်းတွေဘယ်လိုအလုပ်လုပ်လဲနောက်ထပ်ဆက် ရေးပါဦးမည် .....